banner
banner

ဘာသာရပ်နယ်ပယ်များ

ဘာသာရပ်နယ်ပယ်များ

thumb

Law & Criminology

ှုခင်းရုပ်ရှင်ကားများနှင့် တရားခွင်ဇာတ်လမ်းများက ဥပဒေနှင့် မှုခင်းဗေဒနယ်ပယ်အပေါ် ဘေးအန္တရာယ်ထူပြောပြီး ရဲစွမ်းသတ္တိကို များစွာလိုအပ်သည့်နယ်ပယ်အဖြစ် အမြဲတစေ ပုံဖော်လျက်ရှိသည်။ လက်တွေ့အခြေအနေမှာမူ ပိုမို၍ အခြေခံကျပြီး စုံလင်မှုရှိကာ ထိုနယ်ပယ်နှစ်ရပ်စလုံးမှာ ရှုထောင့်ပေါင်းစုံ ပါဝင်ပတ်သက်နေသလို ကျွမ်းကျင်မှုမြင့်မားသူများကို လိုအပ်နေသည်။

တရားမျှတမှုရှိရေး ကြိုးပမ်းရာတွင် အဓိကမဏ္ဍိုင် အခန်းကဏ္ဍတစ်ခုမှ သင် ပါဝင်လိုပါသလား။
စီးပွားရေးအကြံပေးများ၊ လုပ်ငန်းတွင်းခန့်အပ်ထားသော အကြံပေးများနှင့် ဥပဒေကျွမ်းကျင်လက်ထောက်များကဲ့သို့သော အဓိကကျသည့် အခန်းကဏ္ဍများ ပါဝင်နေသော ဥပဒေပညာသည် သင်၏ အမှုကိစ္စကို မည်သို့သုတေသနပြု၊ တင်ပြပြီး အခြေအတင်ငြင်းခုံဆွေးနွေးနိုင်ကြောင်းအပြင် တရားရုံးတွင် တန်ပြန်ငြင်းချက်ထုတ်ခြင်းနှင့် ကောက်ချက်ဆွဲခြင်းတို့ကို မည်သို့ပြုလုပ်နိုင်ကြောင်း သင်ကြားပေးရန် အဓိကအာရုံစိုက်ပါသည်။

ှုခင်းဗေဒမှာမူ ရဲလုပ်ငန်းဆောင်တာများအပြင် မှုခင်းရေးရာသိပ္ပံပညာနှင့် အာမခံလိမ်လည်မှုကဲ့သို့သော စွမ်းရည်များ ပါဝင်ပါသည်။ လေ့လာသင်ယူစဉ်တစ်လျှောက်တွင် သင့်အနေဖြင့် မှုခင်းဥပဒေ၊ မှုခင်း တရားမျှတမှုနှင့် ရာဇဝတ်သားတို့၏ ပြုမူဆောင်ရွက်ပုံများအကြောင်း နားလည်လာမည်ဖြစ်သလို ပြစ်မှုနှင့် ပြစ်မှုကာကွယ်တားဆီးရေးတို့အကြောင်းကို နယ်ပယ်စုံချိတ်ဆက်ပါဝင်သည့် ချဉ်းကပ်နည်းဖြင့် နားလည်သိရှိလာပါမည်။

ဥပဒေပညာအတွက် အကောင်းဆုံးသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ရပ်1 ဖြစ်သည့် Kaplan သည် နယ်ပယ်နှစ်ရပ်လုံးတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အလုပ်အကိုင်တစ်ရပ်အတွက် သင့်ကို ပြင်ဆင်ပေးသလို နယ်ပယ်များစွာတွင် အသုံးဝင်သည့် ထိုးထွင်းသိမြင်တွေးခေါ်မှုနှင့် သုတေသနပြုခြင်းကဲ့သို့သော အဖိုးတန်ကျွမ်းကျင်မှုများကို သင့်အား ပေးစွမ်းနိုင်သော သင်တန်းအစီအစဉ်များလည်း ရှိပါသည်။

ပိုမိုမြင့်မားသော ကောင်းမွန်မှုအတွက် ရပ်တည်ပါ။ ကျွန်ုပ်တို့နှင့် ယနေ့ပင် ပြောဆိုဆွေးနွေးလိုက်ပါ။

1၂၀၁၈ခုနှစ် JobsCentral Learning T.E.D. ဆုပေးပွဲတွင် Kaplan အဆင့်မြင့်ပညာရေး အဖွဲ့အစည်းသို့ ပေးအပ်ချီးမြှင့်ထား

  • Murdoch University
  • University College Dublin
thumb

Information Technology

ယနေ့အချိန် သတင်းအချက်အလက် နည်းပညာ နယ်ပယ်မှာ လျင်မြန်စွာ ပြောင်းလဲနေပြီး စင်ကာပူမှာ ဒစ်ဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်နေသည့်အတွက် ကဏ္ဍအသီးသီးတွင်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဆိုင်ရာ အလုပ်အကိုင်များသည် ပိုမိုတန်ဖိုးမြင့်မားသော အသိပညာအခြေပြု အလုပ်အကိုင်များအဖြစ် ပြောင်းလဲလာမည်ဖြစ်သည်။ လူတစ်ဦးချင်းနှင့် လုပ်ငန်းများသည် လျင်မြန်သွက်လက်နေရန် လိုအပ်ပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုကို လက်ခံရပါလိမ့်မည်။

စီးပွားရေးနှင့် လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆီသို့ ရွေ့လျားလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံမှုနှင့် မှုခင်းသိပ္ပံပညာ၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု၊ ဂိမ်းဆော့ဖ်ဝဲဒီဇိုင်း၊ IT ဖွံ့ဖြိုးတိုးတက်မှု၊ ဖုန်းနှင့်ဝက်ဘ် အက်ပလီကေးရှင်းဖန်တီးမှု၊ ကွန်ရက်နှင့် အခြေခံအဆောက်အအုံ၊ ဝက်ဘ်ပြောဆိုဆက်ဆံရေးကဲ့သို့ နယ်ပယ်များတွင် ပညာရှင်များ ပိုမိုလိုအပ်လာသည်။

အလုပ်အကိုင်အရေအတွက် သိသိသာသာ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး1 လိုအပ်ချက်သည် ၂၀၁၈ မှ ၂၀၂၀ အတွင်း ၂၈,၅၀၀ အထက် ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ရလဒ်အနေဖြင့် ဈေးကွက်လုပ်အားခ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး အချို့နယ်ပယ်များရှိ ကျွမ်းကျင်သူများ၏ နှစ်စဉ်လစာသည် ဒေါ်လာ ၁၀၀,၀၀၀ကျော်အထိ ရှိသည်2။ မည်သို့ပင်ဖြစ်စေ ဘွဲ့တစ်ဘွဲ့ကို စောလျင်စွာရရှိခြင်းမှာ သင့်ကို ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပြီး ဆယ်စုနှစ်တစ်ခုကာလတွင် ဝင်ငွေ ဒေါ်လာ ၃၂၉,၀၀၀ အထိ ပိုမိုရရှိအောင် ကူညီပေးနိုင်ပါသည်3

ICT နယ်ပယ်တွင်းရှိ အပြောင်းအလဲများနှင့် တိုးတက်မှုများကို မျက်ခြည်မပြတ်ရန် လိုအပ်ကြောင်းKaplan ရှိ ကျွန်ုပ်တို့ နားလည်ပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ယခုအခါ SME နှင့် MNC များအပါအဝင် အဖွဲ့ဝင် ၇၀၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် စင်ကာပူ ထိပ်တန်းနည်းပညာ ကုန်သွယ်မှု အဖွဲ့အစည်း SGTECH ၏ တွဲဖက် အဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေပြီဖြစ်သည်။

ကွန်ပျူတာသိပ္ပံနှင့် IT နှင့် ပတ်သက်လျှင် စင်ကာပူ၏ အကောင်းဆုံး ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း4 အနေဖြင့် ICT ဘွဲ့သင်တန်းများနှင့် အသိအမှတ်ပြုလက်မှတ်ရသင်တန်း ၁၀၀ကျော်အနက်မှ ရွေးချယ်နိုင်ပြီး အကျိုးရှိသော အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဆီသို့ သင်၏ လမ်းကြောင်းကို ဖောက်လုပ်နိုင်ပါသည်။

1၂၀၁၈ခုနှစ် Infocomm မီဒီယာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ နှစ်စဉ်စစ်တမ်း
2Techinasia.com
3လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် သုတေသနနှင့် စာရင်းအင်းဌာန၊ ၂၀၁၇ခုနှစ် ကျယ်ပြန့်ပြည့်စုံသော လုပ်သားအင်အားစစ်တမ်း
4၂၀၁၈ခုနှစ် JobsCentral Learning T.E.D. ဆုပေးပွဲတွင် Kaplan အဆင့်မြင့်ပညာရေး အကယ်ဒမီသို့ ပေးအပ်ချီးမြှင့်ထား

  • Murdoch University
  • University of Portsmouth
thumb

Hospitality & Tourism Management

လူသစ်များနှင့် တွေ့ဆုံခြင်း၊ ကမ္ဘာ့မည်သည့်နေရာတွင်မဆို အလုပ်လုပ်ကိုင်ခြင်းနှင့် ခရီးသွားများအတွက် အဖိုးတန်အမှတ်တရများ ဖန်တီးပေးခြင်းကို သင်နှစ်သက်ပါသလား။

ထိုသို့ဆိုလျှင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ ဤအခွင့်အရေးများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပေးစွမ်းနိုင်ပြီး ဟိုတယ်နေရာထိုင်ခင်း စီမံခန့်ခွဲခြင်း၊ အပန်းဖြေစခန်း မင်္ဂလာဧည့်ခံပွဲများမှသည် နိုင်ငံစုံ ကော်ပိုရိတ်အစည်းအဝေးများ၊ ညီလာခံများ၊ ပြပွဲများနှင့် လည်ပတ်သူထောင်ပေါင်းများစွာရှိသည့် အကြီးစားဖျော်ဖြေပွဲများအထိ စီစဉ်ခြင်းနှင့် အကောင်အထည်ဖော်ကျင်းပခြင်းတို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းကို သင် ရရှိနိုင်ပါသည်။
လက်ရှိတွင် ဤလုပ်ငန်းမှာ ကောင်းစွာလေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်သူများအား ပိုမိုလိုအပ်လာသည့်အပိုင်းတွင် စင်ကာပူရှိ လုပ်ငန်းအားလုံးအနက် အမြင့်ဆုံးဖြစ်ပါသည်1

ထိုလိုအပ်ချက်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ များပြားသော အခြေခံလစာ နှစ်တိုးနှုန်း တစ်နှစ်လျှင် ၃.၉ ရာခိုင်နှုန်းကို ကမ်းလှမ်းပြီး နိုင်ငံတွင်း မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ဒုတိယအမြင့်ဆုံး ဖြစ်ပါသည်2

စင်ကာပူ၏ အကောင်းဆုံး ပုဂ္ဂလိကပညာရေး အဖွဲ့အစည်း2 အဖြစ် Kaplan သည် သင်၏ အနာဂတ် အလုပ်အကိုင် အောင်မြင်မှုအတွက် ပြင်ဆင်ပေးသော ဘွဲ့သင်တန်းများကို သင်ကြားနိုင်ရန် နာမည်ကျော် တက္ကသိုလ်များနှင့် လက်တွဲထားပါသည်။ သင့်အနေဖြင့် နည်းပညာအရည်အသွေးများ၊ ကျွမ်းကျင်မှုအသိပညာနှင့် လူအများအား စီမံခန့်ခွဲမှုနည်းစနစ်များကို မြှင့်တင်ပြီး ဤစိတ်လှုပ်ရှားဖွယ် နယ်ပယ်အတွင်းသို့ ယုံကြည်မှုရှိရှိ ချဉ်းနင်းဝင်ရောက်နိုင်လိမ့်မည် ဖြစ်ပါသည်။

1လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၏ ၂၀၁၈ခုနှစ် စာရင်းဇယားများ
2စာရင်းကိုင်ပညာ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဥပဒေနှင့် လူမှုရေးသိပ္ပံဘာသာရပ်များအတွက် Kaplan အဆင့်မြင့်ပညာရေးအဖွဲ့အစည်း၊ ပြောဆိုဆက်ဆံရေးနှင့် မီဒီယာ၊ ကွန်ပျူတာသိပ္ပံနှင့် IT၊ အရောင်းပိုင်းနှင့် ဈေးကွက်ရှာဖွေရေးပိုင်းဘာသာရပ်များအတွက် Kaplan အဆင်မြင့်ပညာရေးအကယ်ဒမီတို့ကို ၂၀၁၈ခုနှစ် JobsCentral Learning T.E.D. ဆုပေးပွဲမှ ပေးအပ်ချီးမြှင့်ထား

  • Murdoch University
  • Northumbria University
thumb

Humanities & Social Sciences

သင့်အနေဖြင့် လူအများ၏ဘဝတွင် တစိတ်တပိုင်းပါဝင်ပတ်သက်လိုပြီး သူတို့ကို မိမိကိုယ်ကိုမြှင့်တင်ရန်၊ မိမိတို့၏ ဝါသနာနောက်ကို လိုက်ရန်နှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် တိုက်တွန်းအားပေးလိုပါက ပညာရေးနှင့် လူမှုရေးသိပ္ပံ ဘာသာရပ်နယ်ပယ်သည် သင်၏ စိတ်ကူးမျှော်မှန်းချက်များနှင့် တစ်ထပ်တည်းကျနိုင်ပါသည်။
ပညာသင်ကြားပေးသူ၊ အထူးသဖြင့် ကလေးဘဝအစောပိုင်းပညာရေး နယ်ပယ်အတွင်း ပညာသင်ကြားပေးသူတစ်ဦးအဖြစ် သင့်အနေဖြင့် သင်၏ကျောင်းသားများကို မိမိတို့၏ ဖြစ်နိုင်စွမ်းကို အပြည့်အဝဖော်ထုတ်အသုံးချပြီး တစ်ဦးချင်းစီအလိုက် တိုးတက်အောင်မြင်နိုင်ရန်အတွက် ခွန်အားပေးနိုင်ပါမည်။ နှစ်သိမ့်ဆွေးနွေးသူ သို့မဟုတ် စိတ်ပညာရှင်တစ်ဦးအဖြစ် သင်၏ လုပ်ဆောင်ချက်များသည် အခြားသူများကို အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့် မိမိကိုယ်ကို ပြန်လည်ဆောက်တည်နိုင်ရန်အတွက် ကူညီပေးရာတွင် အလွန်အရေးပါပါသည်။

လူမှုရေးသိပ္ပံအတွက် အကောင်းဆုံးသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Kaplan1 မှာ အဆိုပါ အလုပ်အကိုင်လမ်းကြောင်းများကို ပံ့ပိုးပေးထားပြီး ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုနှင့် မူဝါဒမှသည် စိတ်ပညာနှင့် နှစ်သိမ့်ဆွေးနွေးမှုပညာအထိ ပါဝင်သော ကွဲပြားစုံလင်လှသည့် ရွေးချယ်စရာ သင်တန်းအစီအစဉ်များကို စီစဉ်ထားပါသည်။

ကျွန်ုပ်တို့၏ ပညာရေးအရည်အသွေးအပေါ် သက်သေခံချက်တစ်ရပ်မှာ သင်တန်းအမျိုးမျိုးကို စင်ကာပူ နှစ်သိမ့်ဆွေးနွေးမှုအဖွဲ့အစည်း (SAC)၊ သြစတေးလျ နှစ်သိမ့်ဆွေးနွေးမှုအဖွဲ့အစည်း (ACA) နှင့် သြစတေးလျနိုင်ငံ စိတ်ရောဂါကုထုံးနှင့် တိုင်ပင်ဆွေးနွေးမှုပညာ အဖွဲ့ချုပ် (PACFA) ကဲ့သို့သော ကွပ်ကဲမှုအဖွဲ့များက အသိအမှတ်ပြုထားခြင်းဖြစ်ပါသည်။

1၂၀၁၈ခုနှစ် JobsCentral Learning (T.E.D.) ဆုပေးပွဲတွင် Kaplan အဆင့်မြင့်ပညာရေး အကယ်ဒမီသို့ ပေးအပ်ချီးမြှင့်ထား

  • Murdoch University
  • Northumbria University
thumb

Communications and Media

ရေဒီယိုနှင့် ရုပ်မြင်သံကြားမှသည် အင်တာနက်နှင့် Virtual reality အထိပါဝင်သော ပြောဆိုဆက်ဆံရေးနှင့် မီဒီယာလောကသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ကြီးမားသော နည်းပညာအပြောင်းအလဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

ဖျော်ဖြေရေးနှင့်ပတ်သက်သည့် တင်စားပြောဆိုသော ရှုထောင့်များနှင့် ပင်ကိုယ်ပကတိအတိုင်းဖြစ်သော ရှုထောင့်များ လျင်မြန်စွာ ထပ်မံပေါ်ပေါက်လာ၍ ဖန်တီးရေးသားမှုအတွက် နယ်ပယ်သစ်များစွာ ဖြစ်ပေါ်လာသလို ကွက်လပ်များကို ဖြည့်စွက်နိုင်ရန် အရည်အချင်းရှိသော ဖန်တီးရေးသားသူများကိုပါ လိုအပ်လာပါသည်။ နယ်ပယ်အမျိုးမျိုးမှ ကောက်ယူထားသော စာရင်းအင်းအချက်အလက်များအရ ၂၀၁၆-၂၀၁၇ အတွင်း ၁၉,၈၀၀ မှ ၂၀,၇၀၀ အထိ ၄.၆% တိုးတက်လာပြီး အဆိုပါလိုအပ်ချက်မှာ ပေါ်လွင်နေပါသည်။ ၂၀၁၈ နှင့် ၂၀၂၀ အတွင်း နောက်ထပ် ၇,၃၀၀ ထပ်မံ၍မြင့်တက်လာလိမ့်မည်ဟုလည်း မျှော်မှန်းထားပါသည်1

ထို့ကြောင့် ကျယ်ပြန့်စုံလင်သည့် ဤနယ်ပယ်အတွင်း ပုံနှိပ်ထုတ်ဝေရေး၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေး၊ ပြည်သူ့ဆက်ဆံရေး၊ ကြောငြာနှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးကဲ့သို့သော များပြားသည့်လမ်းကြောင်းများဖြင့် သင်၏ လှုပ်ရှားတက်ကြွနေသော အလုပ်အကိုင်ကို အရှိန်မြှင့်တွန်းအားပေးရန် “အဓိကကျသောအချိန်” ပင် ဖြစ်ပါသည်။

ပြောဆိုဆက်ဆံရေးဘွဲ့အတွက် အကောင်းဆုံးသော ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းဖြစ်သည့် Kaplan 2 တွင် သင်၏စိတ်ပါဝင်စားမှုအရ ရွေးချယ်နိုင်ရန် ပြောဆိုဆက်ဆံရေးနှင့် မီဒီယာပညာ၊ စာနယ်ဇင်းပညာ၊ လူထုပြောဆိုဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် အင်တာနက် ပြောဆိုဆက်ဆံရေးတို့တွင် မေဂျာနှစ်ခုတွဲယူခြင်းအပါအဝင် အထူးပြုဘာသာရပ်များစွာကို သင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ သင်တန်းအစီအစဉ်များသည် သင် လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်စေရေးအတွက် လက်တွေ့ကျပြီး ပြင်ပကမ္ဘာတွင် အသုံးချနိုင်သော စွမ်းရည်များကို အဓိကအလေးပေးသင်ကြားပါသည်။

1၂၀၁၈ခုနှစ် Infocomm မီဒီယာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ နှစ်စဉ်စစ်တမ်းအပေါ် အခြေပြု။
2၂၀၁၈ခုနှစ် JobsCentral Learning T.E.D. ဆုပေးပွဲတွင် Kaplan အဆင့်မြင့်ပညာရေး အဖွဲ့အစည်းသို့ ပေးအပ်ချီးမြှင့်ထား။

  • Murdoch University
  • Northumbria University
thumb

စီးပွားရေးနှင့် စီမံခန့်ခွဲမှု

စီးပွားရေးနှင့် စီမံခန့်ခွဲမှုကို လေ့လာသင်ယူခြင်းမှာ စီးပွားရေး စီမံအုပ်ချုပ်မှု၊ စီးပွားရေးစီမံခန့်ခွဲမှုတို့နှင့် ပတ်သက်သော ကျယ်ပြန့်သည့် နားလည်သိရှိမှု၊ ဈေးကွက်ရှာဖွေရေး၊ ပြောဆိုဆက်ဆံမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ ကုန်ကြမ်းကွင်းဆက် စီမံခန့်ခွဲရေးနှင့် အခြားဘာသာရပ်များအလိုက် ကျယ်ပြန့်စုံလင်လှသော သီးခြားအသိပညာဗဟုသုတများကို လွှမ်းခြုံထားသည်။

စင်ကာပူနိုင်ငံ၏ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်ပြောင်းလဲနေသော စီးပွားရေးလောကအတွင်း စွမ်းဆောင်ရည်ရှိသော ခေါင်းဆောင်များကို လိုအပ်ချက်ကြီးမားနေပြီး ထိုသို့သောခေါင်းဆောင်များမှာ ရှားပါးနေသည်ဟုလည်း ကြားသိရသည်။ လူ့စွမ်းအားအရင်းအမြစ်ရေးရာ ဆုံးဖြတ်ချက်ချမှတ်သူများထဲမှ ၇၉% သည် တစ်နှစ်လစာ စင်ကာပူဒေါ်လာ ၁၈၅,၀၀၀ အထိ ပေးရနိုင်သော စီးပွားရေးဆိုင်ရာ ခေါင်းဆောင်များကို ခန့်အပ်ရေးတွင် အခက်အခဲကြုံရကြောင်း ဆိုကြသည်။

ကုန်ကြမ်းကွင်းဆက်နှင့် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍများတွင်လည်း ၂၀၂၀ခုနှစ်တွင် PMET အလုပ်အကိုင်သစ်များ ပေါ်ထွက်လာပြီး အလုပ်ခန့်အပ်မှုပိုင်း မြင့်မားမှုနှင့် အကောင်းဘက်မှ ရှုမြင်သုံးသပ်မှုများ ရှိနေသောကြောင့် အချက်အလက်ကို လက်ကိုင်ပြုသော၊ အားကောင်းသည့် တိုင်ပင်ညှိနှိုင်းမှု စွမ်းရည်များကို ပိုင်ဆိုင်ထားသော လူ့စွမ်းအားအရင်းအမြစ် ဝန်ထမ်းများကို ခန့်အပ်နိုင်ရန် အပြင်းအထန်ကြိုးစားကြမည်ဖြစ်သလို ဒေသဆိုင်ရာ ဈေးကွက်ရှာဖွေရေး ညွှန်ကြားရေးမှူးများအနေဖြင့် ဒေါ်လာ ၂၁၆,၀၀၀ အထိ မြင့်မားသော လစာများကို တောင်းဆိုနိုင်ကြသည်။

ီးပွားရေးနှင့် စီမံခန့်ခွဲမှုတွင် အကောင်းဆုံးသော ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းဖြစ်သည့် Kaplan တွင် သင်၏ စိတ်ဝင်စားသော ကဏ္ဍများအတွက် သို့မဟုတ် သက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မြင့်မားမှုအတွက် သင့်လျော်ကိုက်ညီသော စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့တစ်ဘွဲ့ကို ရရှိရန် သင့်တွင် ရွေးချယ်စရာများစွာရှိပါသည်။ ကျွန်ုပ်တို့၏ များပြားစုံလင်သော စီးပွားရေးနှင့် စီမံခန့်ခွဲမှု သင်တန်းများတွင် ထိရောက်စွာစွမ်းဆောင်နိုင်သော ကျွမ်းကျင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးခေါင်းဆောင်များ ဖြစ်လာစေရန်အတွက် သင်တို့အား စေ့စပ်တိကျသော ပညာရေးကို ပေးစွမ်းနိုင်ရန် လက်တွေ့ဘဝ၌ အသုံးချနိုင်သည့် နမူနာများ၊ အဓိကအရေးကြီးသော စီးပွားရေးဥပဒေသများနှင့် နည်းဗျူဟာများ၊ ကျယ်ပြန့်ပြည့်စုံသော အသိပညာများကို အာရုံစိုက်သင်ကြားပေးလိမ့်မည်ဟု သင်မျှော်လင့်ထားနိုင်ပါသည်။

  • Murdoch University
  • Northumbria University
  • University College Dublin
  • University of Essex
  • Royal Holloway, University of London
  • Birmingham City University
thumb

စာရင်းကိုင်၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး

အာရှ၏ ငွေရေးကြေးရေးဆိုင်ရာ ထိပ်တန်း ဗဟိုအချက်အချာနေရာတစ်ခုဖြစ်သော စင်ကာပူနိုင်ငံသည် အမြင့်မားဆုံးသော ကျွမ်းကျင်မှုရှိသည့် လုပ်သားအင်အားစုကို ပိုင်ဆိုင်ထားသည့် အာရှထိပ်တန်း ၁၀နိုင်ငံအတွင်း ရပ်တည်နေကာ1နိုင်ငံတွင်း စာရင်းကိုင်အဖြစ် အသက်မွေးဝမ်းကျောင်းနေသူများ၏ ၈၇% မှာ ဘွဲ့ရများဖြစ်ကြပြီး ၄၆% မှာမူ စာရင်းကိုင်ပညာနှင့်ပတ်သက်သော အရည်အချင်းသက်သေခံလက်မှတ်များကို ကိုင်ဆောင်ထားကြသည်2။ သို့ဖြစ်၍ ပြိုင်ဆိုင်မှုပြင်းထန်သော ဤလုပ်ငန်းနယ်ပယ်အတွင်း ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တစ်ခုအတွက် စိတ်ချရစေရန် အနိမ့်ဆုံးဘွဲ့တစ်ဘွဲ့ရရှိရန် လိုအပ်ပါသည်။ ပရော်ဖက်ရှင်နယ် စာရင်းကိုင် သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ အ¬¬ရည်အချင်းပြည့်မီမှုတစ်ခုအတွက် လေ့လာလိုက်စားရန်လည်း သင်စဉ်းစားနိုင်သည်။
စာရင်းကိုင်၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးနယ်ပယ်အတွက် အကောင်းဆုံးသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ရပ်3ဖြစ်သည့် ကျွန်ုပ်တို့၏ ကျော်ကြားသော မိတ်ဖက်တက္ကသိုလ်များမှ ကမ်းလှမ်းသည့် ပရော်ဖက်ရှင်နယ်အဆင့် အသိအမှတ်ပြု စာရင်းကိုင်၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပထမဘွဲ့သင်တန်းအမျိုးအစားများစွာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များ၏ အရည်အချင်းသက်သေခံလက်မှတ်ရရှိရေး ကြိုတင်ပြင်ဆင်မှုသင်တန်းများကို ကျွန်ုပ်တို့ထံတွင် တက်ရောက်နိုင်ပါသည်။

Kaplan မှ အချို့သောဘွဲ့များကို ရရှိထားသူများသည် ACCA၊ CIMA၊ CPA Australia၊ ICAEW နှင့် စင်ကာပူ တော်ဝင်အမိန့်ရအဖွဲ့အစည်းဝင် စာရင်းကိုင် (စင်ကာပူ CA) စာတမ်းအချို့မှ ကင်းလွတ်ခွင့်ရရန်လည်း သတ်မှတ်ချက်ပြည့်မီပါသည်4။

1MAS ဝက်ဘ်ဆိုက်ပါ “စီးပွားရေးအတွက် ထောက်ကူအကျိုးပြုနိုင်သော ပတ်ဝန်းကျင်” နှင့် “အရည်အချင်းပြည့် လုပ်သားအင်အားစု” – http://www.mas.gov.sg/Singapore-Financial-Centre/Value-Propositions/Conducive-Pro-Business-Environment.aspx and http://www.mas.gov.sg/Singapore-Financial-Centre/Value-Propositions/Skilled-Workforce.aspx တို့မှ အချက်အလက်များအပေါ် အခြေပြု။
2စင်ကာပူ စာရင်းကိုင်ပညာကော်မရှင်၏ ၂၀၁၉ခုနှစ် AE သန်းခေါင်စာရင်းမှ အချက်အလက်များအပေါ် အခြေပြု။
3၂၀၁၈ခုနှစ် JobsCentral Learning T.E.D. ဆုပေးပွဲတွင် Kaplan အဆင့်မြင့်ပညာရေး အဖွဲ့အစည်းသို့ ပေးအပ်ချီးမြှင့်ထား။
4Graduates of selected Accountancy and Financial Management Degrees with University of Essex, Murdoch University, Northumbria University and University of Portsmouth will receive formal notification of exemptions when they register as a student member with the professional bodies.

  • Murdoch University
  • Northumbria University
  • University College Dublin
  • University of Essex
  • University of Portsmouth
  • Royal Holloway, University of London