banner
banner

Employability and Student Affairs

Employability and Student Affairs

အလုပ်အကိုင်ရရှိနိုင်စွမ်းနှင့် ကျောင်းသားရေးရာ

စင်ကာပူနိုင်ငံရှိ Kaplan သည် အဆင့်ပိုမိုမြင့်မားသော လေ့လာသင်ယူရေးနှင့် စွမ်းရည်မြှင့်တင်ရေးတို့မှတစ်ဆင့် အရည်အသွေးရှိသော ပညာရေးကို ကမ်းလှမ်းနိုင်ရန် စိတ်ပိုင်းဖြတ်ထားပါသည်။ အကျိုးဆက်အနေဖြင့် Kaplan ကျောင်းသားများသည် သူတို့၏ အလုပ်အကိုင်ရရှိနိုင်စွမ်းကို မြှင့်တင်ပေးမည့် ဘွဲ့ရရှိမှု ရလဒ်များအပေါ် အဓိကအလေးပေးသော တပေါင်းတစည်းတည်း သဘောဆောင်သည့် ပညာရေးကို ကြုံတွေ့ရပါမည်။


Kaplan လုပ်ငန်းနယ်ပယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့များ (IAB များ)

လုပ်ငန်းနယ်ပယ်တွင်းမှ ခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပါဝင်သော Kaplan လုပ်ငန်းနယ်ပယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ ၆ဖွဲ့သည် လုပ်ငန်းနယ်ပယ်ဆိုင်ရာ ရှုမြင်သုံးသပ်ချက်များနှင့် အသိအမြင်များကို ပေးစွမ်းနိုင်ပြီး ကျွန်ုပ်တို့၏သင်ရိုးညွှန်းတမ်းမှာ ခေတ်မီ၊ သင့်လျော်ပြီး အားကောင်းခိုင်မာကြောင်း သေချာစေရန် ကူညီပေးပါသည်။ ၎င်းနှင့်အတူ ကျွန်ုပ်တို့၏ အလုပ်အကိုင်ရရှိနိုင်စွမ်းတိုးမြှင့်ရေး အစီအစဉ်များသည် ကျွန်ုပ်တို့၏ ကျောင်းသားများကို အသစ်စက်စက်ဘွဲ့ရတစ်ဦးထံမှ အလုပ်ရှင်များအလိုရှိသော အသိပညာနှင့် အဓိကကျသော ကျွမ်းကျင်မှုများဖြင့် လုပ်ငန်းခွင်တွင်းဝင်ရောက်ရန် အဆင်သင့်ဖြစ်နေစေရေး ပြင်ဆင်ပေးရာတွင် အထောက်အကူပြုပါသည်။


လုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေသော အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ခြင်း

ကျွန်ုပ်တို့ထံမှ အချိန်ပြည့်တက်ရောက်သူ ကျောင်းသားများ၏ ပညာရေးလေ့လာသင်ယူမှုကို အားဖြည့်ပေးနိုင်ရန်အတွက် ကျယ်ပြန့်ပြည့်စုံသော အစီအစဉ်ပေါင်းစုံ ရှိပါသည်။ ကျောင်းသားများကို သူတို့၏ professional profile အား တည်ဆောက်ရန် လမ်းညွှန်ပေးမည်ဖြစ်ပြီး ဘွဲ့ရပြီးနောက်ပိုင်းဘဝအတွက် အသင့်ဖြစ်နေစေမည့် soft skill၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်နိုင်ရန်လမ်းညွန်ပေးမည်ဖြစ်ပါသည်။ ထိုအစီအစဉ်များသည် ကျွန်ုပ်တို့၏ ဘွဲ့ရများ လက်တွေ့လောကအတွင်း စွမ်းဆောင်လုပ်ကိုင်နိုင်ရန် လုပ်ငန်းခွင်နှင့် လုပ်ငန်းနယ်ပယ်အတွက် အဆင်သင့်ဖြစ်နေစေရန် အထောက်အကူပြုသောအစီအစဥ်ဖြစ်ပါသည်။


01
4TH INDUSTRIAL REVOLUTION (IR) COURSES

Complimentary skills-based training courses to provide students with industry- ready skills.


02
INDUSTRY PROJECTS

Solve real-world industry problems.


03
INDUSTRY CLINICS

Receive advice from industry experts


04
MASTERCLASS SERIES

Access to industry trends and insights.


05
KAPLAN iCare

Contribute to society through participating in community activities.


06
PROFESSIONAL DEVELOPMENT WORKSHOPS

Build online profile and attend professional development workshops.


07
CAREER ADVISORY

Personalised career coaching sessions.


08
GRADUATE EMPLOYMENT

Access to Kaplan’s network of employers for graduate opportunities.


09
KAPLAN CAREER FAIRS

Attend career fairs with employers from different industries offering employment opportunities.


သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှု

ကျွန်ုပ်တို့ကျောင်းသားများ၏ အလုပ်အကိုင်ရရှိနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်ပြည့်စုံသော အစီအစဉ်ပေါင်းစုံကို စီစဥ်ထားပါသည်။ ကျွန်ုပ်တို့၏ကျောင်းသားများသည် Kaplan တွင် ပညာရေးဆိုင်ရာ လေ့လာသင်ယူမှုအပြင် အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အတွက် သူတို့၏ အဆင်သင့်ဖြစ်မှုကို တိုးမြှင့်ရန် လူလူချင်း ပေါင်းသင်းဆက်ဆံရေး soft skill၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များကိုလည်း သင်ကြားပို့ချမှုခံယူရပါသည်။ ကျွန်ုပ်တို့၏ကျောင်းသားများသည် ကျွန်ုပ်တို့၏ဆရာအင်အားစုထံမှ အသုံးဝင်သော အသိအမြင်များကို ရရှိရုံသာမက အလုပ်သင်ကာလများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပြလမ်းညွှန်မှု ကဏ္ဍများနှင့် ထို့ထက်ပိုမိုသောအရာများမှတစ်ဆင့် လုပ်ငန်းနယ်ပယ်တွင်း ကျွမ်းကျင်သူများထံမှလည်း အကျိုးကျေးဇူးများ ရရှိကြပါသည်။

ကျွန်ုပ်တို့၏ဘွဲ့ရများ အလုပ်ခွင်စဝင်ချိန်တွင် အသာစီးရစေမည့် အနေအထားတစ်ရပ်အား ဖန်တီးပေးခြင်းမှာ ကျောင်းသားများကို အနာဂတ်အလုပ်အကိုင်အတွက် လမ်းဖောက်နိုင်ရန် ကျွန်ုပ်တို့ပေးအပ်သော ကွန်ရက်တည်ဆောက်မှုအခွင့်အလမ်းများနှင့် တန်းတူ အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ အလုပ်အကိုင်ပြပွဲများ၊ လူသစ်ခေါ်ယူခန့်အပ်ရေး စကားဝိုင်းများနှင့် သင့်တော်သည့်အလုပ်အကိုင်နှင့် တွဲဖက်ပေးသော ဝန်ဆောင်မှုအပါအဝင် ဆောင်ရွက်ချက်များစွာမှတစ်ဆင့် ၎င်းတို့ကို စီစဉ်ပေးပါသည်။ ထိုအစီအစဉ်များသည် ပြိုင်ဆိုင်မှုပြင်းထန်သော နယ်ပယ်အတွင်း အလုပ်အကိုင်တစ်ခုအတွက် စိတ်အေးရစေရန် ကျွန်ုပ်တို့၏ဘွဲ့ရများကို ကူညီပေးပြီး စွမ်းဆောင်ရည်ကောင်းမွန်စေရန် ယုံကြည်မှုလည်း ပေးစွမ်းနိုင်ပါသည်။


အလုပ်ရုံဆွေးနွေးပွဲများ
အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး

(CDS) စီးရီးလိုက် အလုပ်ရုံဆွေးနွေးပွဲများ ဘွဲ့ရများကို သူတို့၏ အလုပ်အကိုင်ရှာဖွေမှုတွင် ပံ့ပိုးပေးရန်နှင့် အလုပ်အကိုင်ရရှိနိုင်မည့် စွမ်းရည်များကို မြှင့်တင်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများကို ပုံမှန်ကျင်းပပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲများသည် ကိုယ်ရေးအကျဉ်းရေးသားမှု၊ အလုပ်အင်တာဗျူးများအတွက် လေ့ကျင့်ပေးခြင်း အလုပ်ရှာဖွေမှုနည်းစနစ်များ ဟူသည့် ကဏ္ဍများ ပါ၀င်ပါသည်။


CareersHub

plan အလုပ်အကိုင်ဗဟိုဌာန ပေါ်တယ်သည် အထူးသီးသန့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အလုပ်အကိုင်ရရှိနိုင်စွမ်းနှင့် ကျောင်းသားရေးရာအဖွဲ့မှ စီစဉ်ကျင်းပသော အလုပ်အကိုင်ရရှိနိုင်စွမ်းဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို လက်လှမ်းမီနိုင်စေရန် ကျောင်းသားများအတွက် တစ်နေရာတည်းအပြီး အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ကျောင်းသားများသည် အလုပ်ရုံဆွေးနွေးပွဲများ၊ ပွဲအခမ်းအနားများနှင့် အလုပ်အကိုင်အကြံပေးကဏ္ဍများအတွက် မှတ်ပုံတင်နိုင်ပါသည်။ ထို့အပြင် ပေါ်တယ်သည် Kaplan အလုပ်အကိုင်ဗဟိုဌာနရှိ အွန်လိုင်းအင်တာဗျူးလုပ်ဆောင်ချက်ကို အသုံးချပြီး သူတို့၏ ဗီဒီယိုမှတ်တမ်းများအပေါ် အလုပ်အကိုင်နည်းပြတစ်ဦးမှ မှတ်ချက်ပေးခြင်းကို ခံယူခြင်းအားဖြင့် အလုပ်အင်တာဗျူးများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်လည်း ကျောင်းသားများကို ပံ့ပိုးပေးပါသည်။


စက်မှုလုပ်ငန်းဆွေးနွေးမှုများ

လုပ်ငန်းနယ်ပယ်တွင်း ကျွမ်းကျင်သူများကို သူတို့၏လုပ်ငန်းနယ်ပယ်များအတွင်းမှ အတွေးအမြင်များနှင့် အတွေ့အကြုံများအား မျှဝေပေးရန် Kaplan သို့ ဖိတ်ကြားပါသည်။ ထိုသို့သောအချက်အလက်များနှင့်အတူ ဘွဲ့ရများသည် သူတို့၏ အလုပ်အကိုင်အတွက် ရွေးချယ်ရာတွင် လိုအပ်သည်များကို သိရှိပြီးမှ ဆုံးဖြတ်ချက်ချနိုင်ကြပါသည်။ ဘွဲ့ရများအနေဖြင့် အဆက်အသွယ်များရရှိပြီး လုပ်ငန်းနယ်ပယ်တွင်း ဝင်ရောက်ခွင့်ရနိုင်သော အခွင့်အလမ်းများအတွက် လုပ်ငန်းနယ်ပယ်တွင်းမှ လာရောက်ဟောပြောသူများနှင့် တွေ့ဆုံမိတ်ဖွဲ့ရန်နှင့် ကွန်ရက်တည်ဆောက်ရန် အလွန်ကောင်းသောအခွင့်အရေးလည်း ဖြစ်ပါသည်။


စုဆောင်းရေးဆွေးနွေးမှုများ

အလုပ်ရှင်ဖြစ်နိုင်သူများကို သူတို့၏အဖွဲ့အစည်းများအတွင်း ရှိနေသော အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဘွဲ့ရများအား မျှဝေပေးရန်အတွက် ဖိတ်ခေါ်ပါသည်။ ဘွဲ့ရများသည် အလုပ်အကိုင်အတွက် လိုအပ်ချက်များ၊ အကျုံးဝင်သည့် နယ်ပယ်များနှင့် သက်ဆိုင်သော ပိုမိုများပြားသည့် အသေးစိတ်အချက်များကို အလုပ်ခန့်အပ်ရေးမန်နေဂျာများထံတွင် စုံစမ်းနိုင်ပြီး သူတို့၏ကိုယ်ရေးအကျဉ်းများကို အဖွဲ့အစည်းများသို့ တိုက်ရိုက်ပေးပို့နိုင်ပါသည်။ ယေဘုယျအားဖြင့် အချို့သော အလုပ်ခန့်အပ်ရေးမန်နေဂျာများသည် အလုပ်လျှောက်ထားလိုသူများနှင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော အင်တာဗျူးများကို ပြုလုပ်လိုကြပါသည်။


လုပ်ငန်းနယ်ပယ်တွင်း သွားရောက်လည်ပတ်မှုများ

နည်းပညာလောကအတွင်း အဖွဲ့အစည်းများတွေ့ကြုံရသော စိန်ခေါ်မှုများအကြောင်း အတွေးအမြင်များ ပေးစွမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားများနှင့် ဘွဲ့ရများအတွက် လုပ်ငန်းနယ်ပယ်တွင်း သွားရောက်လည်ပတ်မှုများကို စီစဉ်ပေးပါသည်။ သူတို့သည် ကျောင်းတွင်းလေ့လာသင်ယူခဲ့သော သဘောတရားများနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းပြတ်သားလာရန် အလုပ်လုပ်ပုံနည်းလမ်းများ၊ အလုပ်ခန့်အပ်မှု အလေ့အထများအကြောင်း နားလည်ပြီး ထိုသဘောတရားများကို လက်တွေ့မည်သို့ကျင့်သုံးကြောင်း သိရှိနိုင်ရန် မျှော်မှန်းနိုင်သလို ကျွမ်းကျင်သော လုပ်ငန်းနယ်ပယ်တွင်း လက်တွေ့လှုပ်ရှားနေသူများနှင့် ထိတွေ့ဆက်ဆံခွင့်လည်း ရရှိပါသည်။


အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်မှုနှင့် တိုင်ပင်ဆွေးနွေးခြင်း

တစ်ဦးချင်းသီးသန့် အလုပ်အကိုင်အကြံပေးခြင်းကို လိုအပ်သော ဘွဲ့ရများအတွက် အလုပ်အကိုင်ရရှိနိုင်စွမ်းနှင့် ကျောင်းသားရေးရာအဖွဲ့ရုံးသည် တစ်ဦးချင်းအလိုက် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်မှုနှင့် တိုင်ပင်ဆွေးနွေးခြင်း ကဏ္ဍများကိုလည်း ချိန်းဆိုမှုအပေါ် အခြေခံလျက် ကမ်းလှမ်းပြီး ဘွဲ့ရများကို အလုပ်အကိုင်ရှာဖွေမှုတွင် ကူညီပံ့ပိုးပေးပါသည်။


Kaplan Career Fair (Kaplan အလုပ်အကိုင်ပြပွဲ)

Kaplan ၏ နှစ်စဉ်အလုပ်အကိုင်ပြပွဲသည် ကျွန်ုပ်တို့၏ ကျောင်းသားများနှင့် ကျောင်းသားဟောင်းများအတွက် ကျောင်းဝင်းအတွင်းကျင်းပသည့် အကြီးမားဆုံးသော အလုပ်အကိုင်ရေးရာ အခမ်းအနားတစ်ရပ် ဖြစ်ပါသည်။ လေကြောင်းပျံသန်းရေး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဟိုတယ်နှင့် ပွဲစီစဉ်ရေး၊ IT နှင့် အခြားနယ်ပယ်များကဲ့သို့သော အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှ နိုင်ငံပေါင်းစုံဖြန့်ကျက်ထားသော လုပ်ငန်းအဖွဲ့အစည်းကြီးများ အပါအဝင် အလုပ်ခန့်အပ်လိုသော အဖွဲ့အစည်းပေါင်း ၅၀ကျော်မှ ကမ်းလှမ်းသည့် အလုပ်အကိုင်နေရာ ၇၀၀ကျော်နှင့်အတူ ကျွန်ုပ်တို့၏ ကျောင်းသားများနှင့် ကျောင်းသားဟောင်းများသည် သူတို့၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီသည့် သို့မဟုတ် သူတို့၏ အလုပ်အကိုင်ကို ပိုမိုအဆင့်မြင့်မားစေမည့် အမျိုးအစားစုံလင်လှသော အလုပ်အကိုင်အခွင့်အလမ်းများကို ထိတွေ့ခွင့်ရကြပါသည်။ တက်ရောက်သူများသည် ဖြစ်နိုင်ခြေရှိသော အလုပ်အကိုင်လမ်းကြောင်းများအကြောင်း လေ့လာရန်အတွက် အလုပ်ရှင်ဖြစ်လာနိုင်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရကြသလို ကျွန်ုပ်တို့၏ အလုပ်အကိုင်အကြံပေးဝန်ဆောင်မှုများမှတစ်ဆင့် အလုပ်အကိုင်ဆိုင်ရာ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များကို ခံယူရရှိကြပြီး သူတို့၏ အလုပ်အကိုင်ရရှိနိုင်စွမ်းကို မြှင့်တင်နိုင်ကြပါသည်။


ဘွဲ့နှင်းသဘင်အခမ်းအနားများ

Kaplan နှင့် မိတ်ဖက်တက္ကသိုလ်များသည် ဘွဲ့ရကျောင်းသားများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနား အများအပြားကို နှစ်စဉ်စီစဉ်ကျင်းပပါသည်။ ထိုအခမ်းအနားများသည် ဘွဲ့ရကျောင်းသားများ၏ အောင်မြင်မှုများကို သူတို့၏မိသားစုဝင်၊ သူငယ်ချင်းများနှင့်အတူ ဂုဏ်ပြုကျင်းပပေးပြီး သူတို့၏အဆင့်မြင့်ပညာရေးခရီးစဉ်တွင် အရေးပါသော မိုင်တိုင်တစ်ရပ် ဖြစ်စေပါသည်။


သင့်တော်သည့်အလုပ်အကိုင်နှင့် တွဲဖက်ပေးသည့် ဝန်ဆောင်မှု

ပင်ကိုယ်အရည်အချင်းဈေးကွက်နှင့် ပူးပေါင်းလျက် Kaplan သည် (ဘွဲ့နှင့် မဟာဘွဲ့) ဘွဲ့ရရှိခါနီးနှင့် ရရှိထားသူ အချိန်ပြည့်ကျောင်းသားများအတွက်လည်း သင့်တော်သည့် အလုပ်အကိုင်နှင့် တွဲဖက်ပေးသည့် ဝန်ဆောင်မှုကို ပေးအပ်ပါသည်။ ဤဝန်ဆောင်မှုသည် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်ရှာဖွေမှုဈေးကွက်အတွင်း ရရှိနိုင်သော အခွင့်အလမ်းများအား အပြည့်အဝအသုံးချနိုင်စေရန်အတွက် သူတို့ကို အခြားရွေးချယ်စရာ အလုပ်အကိုင်ရှာဖွေမှုနည်းလမ်းများ ပေးစွမ်းနိုင်ရန် ရည်ရွယ်ပါသည်။