အမေးများသောမေးခွန်းများ
ဖြေ ဤဝက်ဘ်ဆိုက်ပေါ်ရှိ ‘စုံစမ်းမေးမြန်းမှု’ ကဏ္ဍမှတစ်ဆင့် ကျွန်ုပ်တို့ထံဆက်သွယ်ပါက ရုံးဖွင့်ရက်၃ရက်အတွင်း ပြန်ကြားပေးပါမည်။ တရားဝင်ကိုယ်စားလှယ်များကိုလည်း ဆက်သွယ်နိုင်ပါသည်။.
ဖြေ ကျောင်းသားများသည် သူတို့၏ ပထမဆုံး နိုင်ငံရပ်ခြားလေ့လာသင်ယူရေး ခရီးစဉ်ကို ရွေးချယ်ဆုံးဖြတ်ရာတွင်နှင့် ဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင်ပါသည်။ ထိုကာလအတွင်း တရားဝင်ကိုယ်စားလှယ်များသည် သင့်ကို အသုံးဝင်သောအချက်အလက်များ ပေးစွမ်းပြီး သင့်ကိုယ်စား အကုန်လုံးပြီးစီးအောင် လုပ်ပေးပါလိမ့်မည်။
ဖြေ ဟုတ်ပါသည်၊ မိတ်ဖက်တက္ကသိုလ်များ၏ စင်ကာပူကျောင်းဝင်းကို Kaplan စင်ကာပူကျောင်းခွဲမှ ဦးစီးလည်ပတ်ပါသည်။ သို့သော်လည်း ကျောင်းဝင်းများကို နှိုင်းယှဉ်ရာတွင် တက္ကသိုလ်များ၏ ပင်မကျောင်းဝင်းနှင့် ဒေသန္တရကျောင်းဝင်းတို့အကြား အဆင့်အတန်းကွာခြားမှုမရှိပါ။ ကျွန်ုပ်တို့၏ ကျောင်းဝန်ထမ်းများနှင့် Kaplan ရှိ ကျွန်ုပ်တို့၏အဖွဲ့သည် စာသင်ခန်းများမှသည် စာမေးပွဲများအထိ အတူတကွအလုပ်လုပ်ကြပါသည်။
ဖြေ ဟုတ်ပါသည် တက္ကသိုလ်များ၏ ဘွဲ့လက်မှတ်များကို ပင်မတက္ကသိုလ်ကျောင်းဝင်းအတွင်း ထုတ်ပေးသည်နှင့် တစ်ထပ်တည်း ချီးမြှင့်ပေးအပ်ပါသည်။
ဖြေ - စင်ကာပူအစိုးရသည် အလုပ်အကိုင်အသစ်ဖန်တီးမှုများရှိကြောင်း သေချာစေရန်နှင့် စီးပွားရေးလုပ်ငန်းများ မိမိကိုယ်ကိုထိန်းသိမ်းရပ်တည်နိုင်စေရေး ကူညီရန် အကောင်းဆုံးစွမ်းဆောင်နေပါသည်။ ယေဘုယျအားဖြင့် အလုပ်အကိုင်မှာ ခက်ခဲနိုင်ပါသည်၊ ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်ချက်ဆက်လက်ထားရှိရမည်ဖြစ်ပြီး သင်ယူထားသည်များကို မေ့ပစ်ခြင်း (un-learning)၊ ပြန်လည်လေ့လာသင်ယူခြင်း (re-learning) နှင့် မြန်ဆန်သွက်လက်စွာ နေထိုင်ခြင်း (stay nimble) တို့ကို လက်ကမ်းကြိုဆိုနေရပါမည်။