banner
banner

Kaplan

Kaplan

image

Kaplan

Kaplan, Inc. သည် ယခင်က The Washington Post ကုမ္ပဏီဖြစ်ခဲ့သော Graham Holdings ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ပေါင်း၃၀ကျော်ကြာအောင် ရပ်တည်ခဲ့ပြီး ၎င်း၏လက်အောက်တွင် အကြီးဆုံးသောကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။ Virginia ပြည်နယ် Arlington တွင် အခြေစိုက်သောGraham Holdings ကုမ္ပဏီ (NYSE:GHC) သည် လုပ်ငန်းအမျိုးအစားစုံလင်စွာ လုပ်ကိုင်သော ပညာရေးနှင့် မီဒီယာကုမ္ပဏီတစ်ခုဖြစ်ကာ အဓိကလုပ်ငန်းများတွင် ပညာရေးဝန်ဆောင်မှုများ၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုနှင့် အွန်လိုင်း၊ ပုံနှိပ်နှင့် ဒေသတွင်း ရုပ်မြင်သံကြားသတင်း၊ အိမ်တွင်း ကျန်းမာရေးနှင့် နာတာရှည် ပြုစုစောင့်ရှောက်မှုနှင့် စိတ်တိုင်းကျ ရွေးချယ်ဖန်တီးနိုင်သော ထုတ်လုပ်ရေးတို့ ပါဝင်ပါသည်။

Kaplan သည် ကမ္ဘာ့အကြီးဆုံးနှင့် အစုံလင်ဆုံး ပညာရေး ဝန်ဆောင်မှုပေးသူများထဲမှ တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နှစ်ပေါင်း၈၀ကျော်သော သမိုင်းကြောင်းတစ်လျှောက်တွင် Kaplan သည် ပညာသင်ယူရေးအား ပိုမိုလက်လှမ်းမီအောင် ဆောင်ရွက်ရာတွင် မီးရှူးတန်ဆောင်အဖြစ် ရှိနေပြီး သင်ကြားပို့ချမှုဆိုင်ရာ ဆန်းသစ်တီထွင်ခြင်းကဏ္ဍတွင်လည်း ဦးဆောင်နေပါသည်။

Kaplan သည် ကမ္ဘာတစ်ဝှမ်းမှ ကောလိပ်များနှင့် တက္ကသိုလ်များအား ပညာရေးဝန်ဆောင်မှုများ ပေးအပ်ရာတွင် ရှည်လျားသော သမိုင်းကြောင်းနှင့် အတွင်းကျသော အတွေ့အကြုံကို ပိုင်ဆိုင်ထားပါသည်။ ထိုဝန်ဆောင်မှုများမှာ တက္ကသိုလ်တက်ရောက်ရန် လမ်းကြောင်းခင်းပေးသည့် သင်တန်းများ၊ နိုင်ငံတကာကျောင်းသားများကို စုဆောင်းခေါ်ယူမှု၊ ကြားခံ ယာယီတက္ကသိုလ်အဖြစ် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားများအတွက် စနစ်တကျစီစဉ်ဆောင်ရွက်ပေးသော ကူညီပံ့ပိုးရေးဝန်ဆောင်မှုများဖြစ်ပါသည်။
Kaplan သည် စီးပွားရေးလုပ်ငန်းများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ လိုင်စင်နှင့် အသိအမှတ်ပြု လက်မှတ် ရရှိရန် ကျွမ်းကျင်သူအဆင့်စာမေးပွဲ ပြင်ဆင်မှုအပြင် ကော်ပိုရိတ် လေ့ကျင့်သင်ကြားရေး၊ ဦးဆောင်မှုပိုင်းနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး အတိုင်ပင်ခံဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးပါသည်။

ကုမ္ပဏီသည် သင်ရိုးပုံစံနှင့် သင်ကြားပို့ချရေးနည်းနာတို့အပေါ်မူတည်၍ သင်ယူလေ့လာမှုပိုင်းအရ အသေးစိတ်စီမံဆောင်ရွက်သည့် နည်းလမ်းကို လိုက်လျောညီထွေစွာ ပြင်ဆင်ပြောင်းလဲရာတွင် ဦးဆောင်သူဖြစ်ပါသည်။ ပညာရေးတွင် Kaplan ၏ ရှေ့ဆောင်လမ်းပြမှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍမှာ ကောင်းစွာ မှတ်တမ်းတင်ထားပါသည်။ စာမေးပွဲအကြိုပြင်ဆင်မှု လုပ်ငန်းကို ကျွန်ုပ်တို့ စတင်ဖန်တီးခဲ့ပြီး အွန်လိုင်းပညာရေးကိုလည်း အစောပိုင်းတွင် ဦးဆောင်ခဲ့ပါသည်။ အလားတူပင် ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုက်ရေးသားသူဖြစ်လာရန် ကြိုးပမ်းနေသူများအတွက် ဘက်စုံလွှမ်းခြုံမှုရှိသော ကွန်ပျူတာကုဒ်ရေးသည့် “Boot-camp” များပါဝင်သည့် စီးပွားရေးရာစွမ်းရည်သစ် လေ့ကျင့်သင်ကြားရေးတွင်လည်း ဦးဆောင်သူဖြစ်နေပါသည်။ ကုမ္ပဏီသည် သင်ရိုးပုံစံနှင့် သင်ကြားပို့ချရေးနည်းနာတို့အပေါ်မူတည်၍ သင်ယူလေ့လာမှုပိုင်း အသေးစိတ်ဆောင်ရွက်သည့် နည်းလမ်းကို လိုက်လျောညီထွေ ပြင်ဆင်ပြောင်းလဲရာတွင် ဦးဆောင်သူလည်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် အကျိုးရလဒ်များအပေါ် စေ့စပ်တိကျစွာ အာရုံစိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကျောင်းသားများအတွက် လေ့လာသင်ယူမှုဆိုင်ရာ အတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးရန် စဉ်ဆက်မပြတ်ကြိုးပမ်းနေပါသည်။ Kaplan သည် နိုင်ငံနှင့် ဒေသပေါင်း ၃၅ကျော်တွင် လုပ်ငန်းလည်ပတ်ပြီး ကမ္ဘာတစ်ဝှမ်း ကျောင်းသားပေါင်းတစ်သန်းကျော် ရှိပါသည်။ စွမ်းရည်ပိုင်းနှင့် ပိုင်ဆိုင်မှုပိုင်း နှစ်ခုစလုံးတွင် ကျွန်ုပ်တို့၏ ကျယ်ပြန့်စွာလွှမ်းခြုံနိုင်မှုနှင့် နယ်ပယ်ဖြန့်ကျက်မှုတို့ကြောင့် ကျွန်ုပ်တို့၏ပြိုင်ဘက်များနှင့် ကွဲပြားခြားနားပါသည်။