အရည်အချင်းပြည့်မီမှု လိုအပ်ချက်များ
မြန်မာနိုင်ငံ
- မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အနည်းဆုံးရမှတ် ၄၀၀ ရှိရမည်။
ချီးမြှင့်မည့်တန်ဖိုး
- Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan အချိန်ပြည့် ဒီပလိုမာအစီအစဉ်များအတွက် ပရိုဂရမ်ကြေးများကိုသာ အကျုံးဝင်ပါသည်။
- ပညာသင်ဆုရရှိသူသည် ၎င်းတို့၏နေ့စဉ်အသုံးစရိတ်များ၊ လျှောက်လွှာကြေးများ၊ နိုင်ငံတကာကျောင်းသားစီမံခန့်ခွဲမှုအခကြေးငွေများ၊ စာအုပ်များအပြင် ပရော်ဖက်ရှင်နယ်အင်္ဂလိပ်စာ ဒီပလိုမာ သို့မဟုတ် ဒီပလိုမာအစီအစဉ်ကို ပြန်လည်ဖြေဆိုသည့်စာမေးပွဲများအတွက် ပြင်ဆင်မှု/ပြင်ဆင်ခများ ပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။
ငွေပေးသွင်းမှုအစီအစဥ်၊ ကြာချိန်နှင့် အခြားအချက်အလက်များ
- ပညာသင်ဆု ချီးမြှင့်ခြင်းခံရသောကျောင်းသားသည် Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan အချိန်ပြည့် ဒီပလိုမာအစီအစဉ်အတွက် ပရိုဂရမ်ကြေးပေးဆောင်ရန် မလိုအပ်ပါ။
- ပညာသင်ဆုရရှိသူများသည် Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ ပြီးဆုံးပါက ၎င်းတို့၏ ဒီပလိုမာအစီအစဉ်ကို Kaplan တွင် ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။ KHEA မှ ပေးအပ်သော အချိန်ပြည့် ဒီပလိုမာ ပရိုဂရမ်များ စာရင်းတွင် ရှိသောဘာသာရပ်ကို ရွေးချယ်ရမည်ဖြစ်ပြီး အတန်းစတင်ရန်အတွက် အနည်းဆုံး ကျောင်းသားဦးရေနှင့် ကိုက်ညီသည့် ပရိုဂရမ်ဖြစ်ရမည်။ ဆုရရှိသူသည် ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်ပါက၊ Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ အတွက် ကျောင်းလခကုန်ကျစရိတ်များ(ပရိုဂရမ်ကြေး)ကို အပြည့်အဝပေးချေရမည်ဖြစ်သည်။
- ဆုရရှိသူများသည် Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပြီးဆုံးသောအခါ၊ Kaplan အဆင့်မြင့်ပညာရေးအကယ်ဒမီ (KHEA)၏ မိတ်ဖက် တက္ကသိုလ်များထဲမှ တစ်ခုခု၏ ဘွဲ့ဒီဂရီအစီအစဉ်ကို ဆက်လက်သင်ယူရမည်ဖြစ်သည်။ ကျောင်းလခ (ပရိုဂရမ်ကြေး) ကို ကျောင်းအပ်သည့်နှစ်နှင့်အညီ ပေးဆောင်ရမည်ဖြစ်သည်။ ဆုရရှိသူသည် Kaplan တွင် ၎င်းတို့၏ ဘွဲ့ဒီဂရီကို ဆက်လက်မတက်ရောက်ရန် ဆုံးဖြတ်ပါက၊ သက်ဆိုင်ရာ ပရိုဂရမ် (Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ) အတွက် ကျောင်းလခ(ပရိုဂရမ်ကြေး) ကုန်ကျစရိတ်များအား နောက်ဆုံးစာမေးပွဲ ရလဒ်ရရှိပြီး တစ်လအတွင်း အပြည့်အဝပေးချေရပါမည်။ ကျောင်းသားစာချုပ်တွင် ဖော်ပြထားသည့်အချက်အလက်များအရ ဘွဲ့ဒီဂရီအစီအစဉ်အတွင်း မည်သည့်အကြောင်းကြောင့်မျှ လွှဲပြောင်းခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းကို ခွင့်မပြုပါ၊ ဤကဲ့သို့မဟုတ်ပါက၊ ဆုရရှိသူသည် Kaplan တွင် ယခင်က ပြီးစီးခဲ့သော Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပရိုဂရမ်အတွက် တစ်လအတွင်း ကျောင်းလခ(ပရိုဂရမ်ကြေး)ကို အပြည့်အဝပြန်လည်ပေးချေရမည်ဖြစ်သည်။
- ဆုရရှိသူသည် Kaplan တွင် ပညာသင်ကြားသည့်ကာလအတွင်း၊ ကျောင်းခေါ်ချိန် ၉၀% နှင့်အထက်ရှိရမည်ဖြစ်သည်။ ချီးမြှင့်ခံရသူသည် ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက Kaplan မှ ပညာသင်ဆုအား ချက်ခြင်း ဖျက်သိမ်းရန် နှင့်/သို့မဟုတ် ဆုရရှိသူလက်ရှိတက်ရောက်နေသော Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပရိုဂရမ်အတွက် ကျောင်းလခ (ပရိုဂရမ်ကြေးများ)ကို အပြည့်အဝပေးဆောင်ရန် တောင်းခံပိုင်ခွင့်ရှိသည်။
- နိုင်ငံတကာ ကျောင်းသားအားလုံး၏ လျှောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်အားလုံးသည် Kaplan အဆင့်မြင့်ပညာရေးအကယ်ဒမီ (KHEA) တွင် လျောက်ထားလိုသော လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်တွင် KHEA မှထုတ်ပေးသည့် ကမ်းလှမ်းချက်ပေးစာ (offer letter) နှင့် စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဂိတ်များအာဏာပိုင် (ICA) မှ ထုတ်ပေးသော ကျောင်းသားဗီဇာ (Student’s Pass) တို့ပါဝင်ပါသည်။ ဆုရရှိသူများသည် KHEA နှင့် ICA နှစ်ခုလုံးမှ သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီရမည်။
- အစီအစဉ်၏အဆင့်တစ်ခုစီအတွင်း၊ Kaplan ဝန်ထမ်းများသည် ကျောင်းသားဗီဇာ (Student’s Pass) ကိုရရှိရန် လိုအပ်သော လျှောက်လွှာစာရွက်စာတမ်းများကို ပြင်ဆင်ရန်အတွက် ပညာသင်ဆုရရှိသူကို ကူညီပေးပါမည်။ အကယ်၍ ကျောင်းသားဗီဇာ (Student’s Pass)လျှောက်လွှာကို ICA မှ အကြောင်းပြချက်တစ်ခုခုကြောင့် ပယ်ချခံရပါက၊ ပညာသင်ဆုအား ပယ်ဖျက်လိုက်မည်ဖြစ်ပါသည်။
- ဆုရရှိသူသည် ၎င်းတို့၏ Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ တက်ရောက်နေစဥ်အတွင်း ကျောင်းပြောင်းခြင်း သို့မဟုတ် ကျောင်းထွက်ခွင့်မပြုပါ။ ဤကဲ့သို့မဟုတ်ပါက၊ ပညာသင်ဆုအား ချက်ခြင်းပယ်ဖျက်မည်ဖြစ်ပြီး ၊ ဆုရရှိသူသည် Kaplan တွင် ယခင်က ပြီးစီးခဲ့သော Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပရိုဂရမ်အတွက် ကုန်ကျစရိတ်(ကျောင်းလခ/ပရိုဂရမ်ကြေး)အား နောက်ဆုံးစာမေးပွဲ ရလဒ်ရရှိပြီး တစ်လအတွင်း အပြည့်အဝပေးချေရပါမည်။
- ဆုရရှိသူသည် ဘွဲ့ဒီဂရီကို ဆက်လက်မတက်ရောက်ခြင်း သို့မဟုတ် Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပရိုဂရမ်တက်ရောက်နေစဥ်အတွင်း ကျောင်းပြောင်းရွှေ့ခြင်း သို့မဟုတ် ကျောင်းထွက်ခြင်းများ ရှိပါက ဆုရရှိသူ၏ ပညာရေးဆိုင်ရာ လက်မှတ်များနှင့် ထောက်ခံစာများကို Kaplan စီးပွားရေး အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဒီပလိုမာ နှင့် Kaplan ဒီပလိုမာ ပရိုဂရမ်အတွက် အပြည့်အ၀ပေးချေထားသည့်အချိန်အထိ ဆိုင်းငံ့ထားမည်ဖြစ်ပါသည်။
အခြားလိုအပ်ချက်များ (Kaplan Merit Scholarship အတွက်သာ)
Kaplan Merit ပညာသင်ဆု ၂၀၂၂ အတွက် သင်၏လျှောက်လွှာနှင့်အတူ စကားလုံး ၃၀၀ ထက်မပိုသော စာစီစာကုံးတစ်စောင်ကို တင်သွင်းရမည်ဖြစ်ပြီး အောက်ပါအကြောင်းအရာများထဲမှ တစ်ခုကို ရွေးချယ်နိုင်ပါသည်-
- Define success as a Kaplan student, both at an individual level and as a global citizen.
- As a Kaplan student, how would you organise sustainability events and programmes on campus?
- If you could design an ideal Kaplan experience as an international student, what would it be?