banner
banner

ဝန်ဆောင်မှုများ

One-Stop ဝန်ဆောင်မှုများ

၎င်းသည် သူစိမ်းနိုင်ငံတစ်ခုဖြစ်သော စင်ကာပူတွင် လာရောက် ပညာသင်ယူကြသော နိုင်ငံတကာမှ ကျွန်ုပ်တို့၏ကျောင်းသားများကို Kaplan မှ ကူညီပံ့ပိုးပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် လေဆိပ်တွင် လာရောက်ကြိုဆိုသော ဝန်ဆောင်မှုမှာ ကြိုတင်လျှောက်ထားသော ကျောင်းသားများအတွက် အခမဲ့ဖြစ်ပြီး မရင်းနှီးသော နေရာတစ်ခုတွင် ကျောင်းသားများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ဝန်ဆောင်မှုပေးအပ်ခြင်းဖြစ်ပါသည်။

thumbnail

လေဆိပ်တွင် လာရောက်ကြိုဆိုသော ဝန်ဆောင်မှုး

စင်ကာပူသို့ စတင်ရောက်ရှိခြင်း

Kaplan သည် စင်ကာပူသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသော အချိန်ပြည့်တက်ရောက်မည့် နိုင်ငံတကာမှ ကျောင်းသားသစ်များအားလုံးအတွက် အခမဲ့ လေဆိပ်/သယ်ယူပို့ဆောင်ရေး ကြိုဆိုမှုကို စီစဉ်ပေးပါသည်*။ ကျောင်းသားများအနေဖြင့် သယ်ယူပို့ဆောင်ရေး ကြိုဆိုမှု ပုံစံတစ်ခုကို ဖြည့်စွက်ပေးရန်လိုပြီး နိုင်ငံတွင်းသို့မရောက်ရှိမီ ၇ရက်အလိုတွင် ပေးပို့ရပါမည်။

လာရောက်ကြိုဆိုမည့် နေရာများ

  • Changi လေဆိပ် ဂိတ်အမှတ် ၁-၄
  • Harbourfront ကူးတို့သင်္ဘောဆိပ်
  • Woodlands စစ်ဆေးရေးဂိတ်

ပို့ပေးမည့် နေရာများ

  • Wilkie Edge ရှိ Kaplan City ကျောင်းဝင်း
  • Short လမ်းရှိ Kaplan ကျောင်းသားအဆောင်
  • Kaplan ကျောင်းသားအဆောင် မိတ်ဖက်များ

*အများပြည်သူရုံးပိတ်ရက်များအတွင်းနှင့် ည၁၁နာရီ – မနက်၇နာရီအတွင်း သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်းမရှိပါ


ဗီဇာ အချက်အလက်များ

စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သူအားလုံးသည် အောက်ပါပြည်ဝင်ခွင့်သတ်မှတ်ချက်များအား ပြည့်မီရပါမည်-

  • သက်တမ်းကျန်ရှိသည့် နိုင်ငံကူးလက်မှတ် (အနိမ့်ဆုံးသက်တမ်းကျန်ရှိမှု = ၆လ)
  • အသွားအပြန်လက်မှတ်
  • နောက်ထပ်သွားမည့်နေရာအတွက် ပြည်ဝင်ခွင့်စာရွက်စာတမ်းများ
  • • စင်ကာပူနိုင်ငံတွင် နေထိုင်ရန် လုံလောက်သောငွေကြေး စင်ကာပူနိုင်ငံအတွက် ဗီဇာ (လိုအပ်လျှင်

Reporting day (ရောက်ရှိကြောင်းသတင်းပို့သည့် နေ့ အစီအစဥ်)

ကျွန်ုပ်တို့သည် ကျောင်းသားများကို အောက်ပါ အရေးကြီးအချက်အလက်များအကြောင်း အသေးစိတ်ရှင်းလင်းပြောပြပါသည်-

  • ပုဂ္ဂလိကပညာရေး ကော်မတီ
  • ကျောင်းသားစာချုပ်
  • ကျောင်းလခကာကွယ်ရေးအစီအစဉ်
  • ကျန်းမာရေးဆိုင်ရာ အာမခံ
  • Kaplan ငွေပြန်အမ်းမှုမူဝါဒ
  • ကျောင်းသား၏ နေထိုင်ခွင့်ကတ်ပြားကို ရယူခြင်းနှင့် ၎င်း၏ စီမံအုပ်ချုပ်မှုဆိုင်ရာအပါအဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများ။

ကျောင်းသားများအနေဖြင့် သူတို့၏အတန်းကို မလိုလားအပ်သော နှောင့်နှေးမှုများမရှိဘဲ စတင်တက်ရောက်နိုင်ကြောင်း သေချာစေရန်အတွက် ကျောင်းသား၏ နေထိုင်ခွင့်ကတ်ပြားနှင့် သင်တန်းကြေးပေးချေမှုတို့ကို စိစစ်အတည်ပြုရန် ရောက်ရှိကြောင်းသတင်းပို့သည့် နေ့ အစီအစဥ်က အထောက်အကူပြုပါသည်။

Welcome Orientation (မောင်မယ်သစ်လွင်ကြိုဆိုပွဲ)

ကျောင်းသားများကို Kaplan တွင် ပညာသင်ယူနေစဉ်အတွင်း သူတို့၏သင်တန်းအစီအစဉ်နှင့် ပတ်သက်သော စီမံအုပ်ချုပ်မှုပိုင်း ကိစ္စရပ်များအတွက် ဆက်သွယ်ရန်ပုဂ္ဂိုလ်ဖြစ်လာမည့် သူတို့၏ သင်တန်းအစီအစဉ်မန်နေဂျာ (programme manager) အသီးသီးနှင့် မိတ်ဆက်ပေးပါမည်။

ကျောင်းသားများကို ကျောင်းသားပီသသော ပြုမူဆောင်ရွက်ပုံအတွက် လိုအပ်ချက်များအကြောင်း အသေးစိတ်ရှင်းလင်းပြောပြမည်ဖြစ်သလို Kaplan ၌ တစ်ပေါင်းတစ်စည်းတည်း သဘောဆောင်သော ပညာရေးခရီးစဉ်တစ်ခုအတွက် ကျောင်းတွင်း လှုပ်ရှားမှုများနှင့် အလုပ်အကိုင်ရရှိနိုင်စွမ်း ဝန်ဆောင်မှုများအား မိတ်ဆက်ပေးမည်ဖြစ်သည်။

thumbnail
thumbnail

Kaplan360

Kaplan 360 သည် Kaplan ကျောင်းသားများအတွက် မိုဘိုင်းဖုန်းအက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ ကျောင်းသားများအနေဖြင့် အရေးကြီးအချက်အလက်များကို လက်ခံရရှိရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အရင်းအမြစ်များကို အဆင်ပြေစွာ ရယူနိုင်ရန်အတွက် သူတို့၏ကျောင်းသားအမှတ်စဉ် (CT အမှတ်စဉ်) ကို အသုံးပြုလျက် လော့ဂ်အင်ဝင်ရောက်နိုင်ပါသည်။ အရေးကြီးသော ကြေညာချက်များ၊

  • အတန်းအချိန်ဇယားကို ဝင်ရောက်ကြည့်ရှုနိုင်
  • သက်ဆိုင်ရာ သင်တန်းအစီအစဉ်အချက်အလက်များကို ရရှိနိုင်
  • ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ဖြည့်စွက်ပြင်ဆင်နိုင်
  • ခွင့်စာတင်နိုင်

သုံးစွဲသူများအတွက် သတ်မှတ်ချက် User eligibility

ဤအက်ပလီကေးရှင်းကို Kaplan အဆင့်မြင့်ပညာရေးအကယ်ဒမီ Pte. Ltd. နှင့် Kaplan အဆင့်မြင့်ပညာရေးအဖွဲ့အစည်း Pte. Ltd. (စုပေါင်းလျက် “Kaplan စင်ကာပူကျောင်းခွဲ”) တွင် တက်ရောက်နေဆဲဖြစ်သော ကျောင်းသားများသာ ကျောင်းသားများအတွက် ကူညီပံ့ပိုးရေးဝန်ဆောင်မှုများကို ရယူရန်ရည်ရွယ်ချက် (“ရည်ရွယ်ချက်များ”) ဖြင့် အသုံးပြုနိုင်ပါသည်။