It is easy to get involved and have an impact on your own student life experience at Kaplan.
Kaplan ကျောင်းသားကောင်စီ (KSC) ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုအခြေပြု အသင်းအဖွဲ့များနှင့် နိုင်ငံတကာ လူမှုအသင်းအဖွဲ့များတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှား နေသော နိုင်ငံအမျိုးမျိုးမှ ကျောင်းသားများဖြင့် KSC ကို ဖွဲ့စည်းထားပါသည်။ KSC တွင် ကျောင်းဝင်းအတွင်း လှုပ်ရှားမှုများကို ပူးပေါင်းစီစဉ်ကျင်းပရန်အတွက် အသင်းအဖွဲ့များ၏ ခေါင်းဆောင်နေရာများကို ရယူထားသည့် ကျောင်းသားအဖွဲ့တစ်ဖွဲ့ ရှိပါသည်။ ကျောင်းအမှုဆောင်ကော်မတီ၏ တစိတ်တပိုင်းအဖြစ် သို့မဟုတ် အသင်းအဖွဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ် အဆိုပါကျောင်းသားများသည် ထိုးထွင်းတွေးခေါ်မှု၊ လူအများအပေါ် စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်သော စွမ်းရည်များကို မြှင့်တင်ပြီး လက်တွေ့အသုံးချနိုင်ကြပါသည်။ ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ပြီး လှုပ်ရှားတက်ကြွသော Kaplan ကျောင်းသားဘဝကို ပိုင်ဆိုင်နိုင်ရန် ကျောင်းသားအားလုံးကို ကျွန်ုပ်တို့လက်ကမ်းကြိုဆိုနေပါသည်။
သတင်းအချက်အလက်စနစ်နှင့် နည်းပညာဆိုင်ရာKaplan ကျောင်းသားအသင်း (SCIST) Kaplan SCIST သည် IT အပေါ် အလွန်စိတ်ပါဝင်စားပြီး မိမိတို့၏ လေ့လာသင်ယူမှုအတွေ့အကြုံကို အပြန်အလှန်တုံ့ပြန်မှုရှိသော နည်းဖြင့် မြှင့်တင်လိုသည့် Kaplan ကျောင်းသားအားလုံးအတွက် IT အသင်းအဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ နောက်ဆုံးသော ဖြစ်ပေါ်တိုးတက်မှုများ၊ IT နှင့်ပတ်သက်သည့် အကြံပြုချက်များနှင့် ပိုမိုကောင်းမွန်စေမည့် နည်းလမ်းများအကြောင်း ဖလှယ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေ့လာသင်ယူနိုင်ရန်အတွက် အသင်းဝင်များ စုစည်းတွေ့ဆုံကြပါသည်။
Kaplan ရင်းနှီးမြှုပ်နှံမှုအသင်း Kaplan ရင်းနှီးမြှုပ်နှံမှုအသင်းသည် လုပ်ငန်းနယ်ပယ်တွင်းမှ ကျွမ်းကျင်သူများအပါအဝင် ဖိတ်ကြားထားသော ဟောပြောသူများက ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် ငွေရေးကြေးရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်အကဲဖြတ်နိုင်ရန်အတွက် အလွန်အရေးပါသော ကျွမ်းကျင်မှုများကို ပေးစွမ်းနိုင်ပါသည်။ အသင်းသည် စတော့ရှယ်ယာ၊ forex၊ ကြိုတင်ရောင်းဝယ်သည့် ကုန်ပစ္စည်းအစုရှယ်ယာများနှင့် အခြားကဲ့သို့သော အကြောင်းအရာများနှင့် ပတ်သက်သည့် အခြေခံမှ အဆင့်မြင့်အထိ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပါသည်။
Kaplan အကအဖွဲ့ (KDC) Kaplan ကျောင်းသားအသိုင်းအဝိုင်းအတွင်း အကပညာကို နှစ်သက်ခံစားမှုနှင့် ဝါသနာတို့ ပျံ့နှံ့လာစေရန်အတွက် KDC ကို ဖွဲ့စည်းခဲ့ပါသည်။ အက၏ လူမှုရေးဆိုင်ရာနှင့် အပန်းဖြေမှုဆိုင်ရာ ကဏ္ဍများအကြောင်း ရှင်းပြခြင်းဖြင့် ကျောင်းသားများကို စိတ်အားထက်သန်တက်ကြွလာစေပါသည်။ သူတို့၏ အနုပညာအပေါ် နှစ်သက်ခံစားမှုကို ပိုမိုနက်ရှိုင်းစေပြီး မိမိကိုယ်ကိုယုံကြည်မှုနှင့် စည်းကမ်းသေဝပ်မှုတို့ကို ပိုမိုမြင့်မားလာစေမည့် လက်တွေ့ကပြတင်ဆက်ရန် အခွင့်အရေးများကိုလည်း ဖန်တီးပေးပါသည်။.
Kaplan Public Speaking Club သည် မိမိတို့၏ အများရှေ့ စကားပြောဆိုမှု စွမ်းရည်များကို တိုးတက်စေလိုသည့် ကျောင်းသားများအား လက်ကမ်းကြိုဆိုနေပါသည်။ စိတ်ထားချင်းတူညီသည့် အဖွဲ့ဝင်များအနေဖြင့် အချက်အလက်များမျှဝေခြင်းနှင့် ဝေဖန်အကြံပြုခြင်းတို့မှတစ်ဆင့် မိမိတို့၏ ယုံကြည်မှုနှင့် ပြောဆိုဆက်ဆံမှု စွမ်းရည်များကို မြှင့်တင်နိုင်ကြပါသည်။ သူတို့သည် ဤပလက်ဖောင်းမှတစ်ဆင့် ပိုမိုကောင်းမွန်သော မိန့်ခွန်းပြောဆိုမှုစွမ်းရည်ကို ရရှိပိုင်ဆိုင်နိုင်ပါမည်။
Kaplan စွန့်စားသူများအသင်း (KAC)KAC သည် စင်ကာပူနိုင်ငံတွင် စွန့်စားရသောလှုပ်ရှားမှုများအား စိတ်ဝင်စားသည့် ကျောင်းသားများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးပါသည်။ အသင်းကော်မတီသည် ကုန်းမြေနှင့် ရေပေါ်တွင် ကျင်းပသော စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် ပွဲအခမ်းအနားများကို လစဉ်စီစဉ်ကျင်းပပြီး ပိုမိုကောင်းမွန်၊ ကျန်းမာသော ပညာရေးနှင့် ကိုယ်ပိုင်ဘဝ ဟန်ချက်ကို ရရှိပိုင်ဆိုင်နိုင်ရန် ကျောင်းသားများကို ပါဝင်ဆင်နွှဲရန် တိုက်တွန်းအားပေးပါသည်။
Kaplan ကြက်တောင်အသင်း Kaplan ကြက်တောင်အသင်းတွင် ကြက်တောင်ရိုက်ခြင်းနှင့်ပတ်သက်၍ ဝါသနာကြီးသော ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျောင်းသားများ ပါဝင်ကြသည်။ အသင်းသည် အပတ်စဉ်တွေ့ဆုံကာ လေ့ကျင့်ကစားကြပြီး ဇွဲလုံ့လရှိခြင်းနှင့် အားကစားသမားစိတ်ဓာတ်တို့၏ တန်ဖိုးကို မြှင့်တင်ကြပါသည်။
Kaplan ဘတ်စကက်ဘောအသင်း ပြိုင်ပွဲများတွင် Kaplan Knights ဟု သိကြသော Kaplan ဘတ်စကက်ဘောအသင်းတွင် ဘတ်စကက်ဘောကစားရန် စိတ်အားထက်သန်သော ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျောင်းသားများ ပါဝင်ကြသည်။ အသင်းသားများသည် ကစားကွင်းထဲတွင် တနင်္လာနေ့ညနေခင်းတိုင်း အတူတကွစုစည်းလေ့ကျင့်ကြသည်။
Kaplan ရှိ ဗီယက်နမ်အသိုင်းအဝိုင်း (VNCK) VNCK သည် စင်ကာပူနိုင်ငံရှိ Kaplan တွင် တက်ရောက်နေသော ဗီယက်နမ်ကျောင်းသားများပါဝင်သည့် လူမှုအဖွဲ့အစည်းကွန်ရက်တစ်ခု ဖြစ်ပါသည်။ စတင်တည်ထောင်ချိန်မှစ၍ ဗီယက်နမ်ကျောင်းသားများကို သူတို့၏နေ့စဉ်ဘဝနှင့် ပညာရေးတွင် စုစည်းမှုရှိစေရန်နှင့် ပံ့ပိုးကူညီရန်အတွက် လှုပ်ရှားမှုများစွာကို စီစဉ်ကျင်းပခဲ့ပြီးပါပြီ။ VNCK အသိုင်းအဝိုင်းသည် သူတို့ကို ကျောင်းအတွင်း ပတ်ဝန်းကျင်အနေအထားနှင့် လိုက်လျောညီထွေဖြစ်စေရေး ကူညီပေးနိုင်ရန် ရည်ရွယ်ပါသည်။
Pelajar Indonesia @ Kaplan (PELIKAN) PELIKAN သည် စင်ကာပူနိုင်ငံရှိ Kaplan မှ တက်ကြွသော အင်ဒိုနီးရှားကျောင်းသား လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အသင်းသည် ပုံမှန်လှုပ်ရှားမှုများမှတစ်ဆင့် ကျောင်း၌တက်ရောက်နေသော အင်ဒိုနီးရှားကျောင်းသားများကို စည်းလုံးခင်မင်မှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် သူတို့အတွက် မိမိအိမ်ကဲ့သို့ ခံစားမှုမျိုးဖြစ်အောင် အားဖြည့်ပေးရန် ရည်ရွယ်ပါသည်။
Malaysian Elites (ME) ME သည် စင်ကာပူနိုင်ငံရှိ Kaplan မှ မလေးရှားကျောင်းသားများ ဖက်လှဲတကင်းတွေ့ဆုံနိုင်ပြီး အတူတကွ ရင်းနှီးစွာစာကြည့်နိုင်သော မလေးရှားအသိုင်းအဝိုင်းကို ကိုယ်စားပြုထားပါသည်။ အသင်းသည် လှုပ်ရှားမှုများနှင့် စုဝေးတွေ့ဆုံပွဲများကို တစ်နှစ်တာလုံး ပုံမှန်စီစဉ်ကျင်းပပြီး သူတို့ကို ကူညီပံ့ပိုးမှုနှင့် ရင်းနှီးကျွမ်းဝင်မှုစိတ်ဓာတ်များ ပေးစွမ်းပါသည်။
Kaplan ဘောလုံးအသင်း Kaplan Elites ဟု ပြိုင်ပွဲများတွင်သိကြသော Kaplan ဘောလုံးအသင်းတွင် ဘောလုံးကိုစိတ်ဝင်စားသော နိုင်ငံအမျိုးမျိုးမှ ကျောင်းသားများ ပါဝင်ပါသည်။ ကစားသမားများသည် လေ့ကျင့်ရေးနှင့် လေ့ကျင့်ခြေစမ်းပွဲများဖြင့် မိမိတို့၏ခြေစွမ်းကို မြှင့်တင်ရန် အပတ်စဉ်စုစည်းကြပါသည်။
Kaplan HERO အသင်း Kaplan HERO (Help Everyone and Reach Out) အသင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးခြင်းမှတစ်ဆင့် လူမှုရေးရာဝန်ဆောင်မှုများတွင် ပါဝင်လိုသော Kaplan ဝန်ထမ်းများနှင့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားပြီး အခြားသူများ၏ ဘဝများတွင် ကွဲပြားခြားနားမှုတစ်ရပ်ဖြစ်အောင် စွမ်းဆောင်နိုင်ရေးကို ဘုံရည်မှန်းချက်တစ်ရပ်အဖြစ် ချမှတ်ထားပါသည်။
The Rock Soul K The Rock Soul K အသင်းမှာမူ တက်သစ်စ အနုပညာသမားများကို သူတို့၏ အနုပညာနှင့် ဂီတစွမ်းရည်များအား ကူညီပျိုးထောင်ပေးရန် ရည်ရွယ်ထားပါသည်။ စီစဉ်တင်ဆက်မှုအနုပညာရပ်များကို သင်ရိုးပြင်ပ လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ရန် စိတ်အားထက်သန်သော ကျောင်းသားအနုပညာရှင်များ ပါဝင်သည့် တက်ကြွလှုပ်ရှားနေသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။
Myanmar International Student Club (MISC) MISC တွင် စင်ကာပူနိုင်ငံရှိ Kaplan ၌ တက်ရောက်နေသော မြန်မာကျောင်းသားများ စုစည်းထားသည့် လူမှုအဖွဲ့အစည်းတစ်ရပ် ပါဝင်ပါသည်။ အသင်းသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် မြန်မာကျောင်းသားများကို ကူညီပံ့ပိုးရန်နှင့် ရင်းနှီးခင်မင်မှုရှိစေရန်အတွက် လှုပ်ရှားမှုများကို မကြာခဏစီစဉ်ကျင်းပပါသည်။ MISC သည် ကျောင်းတွင်းရှိ မြန်မာကျောင်းသားအသိုင်းအဝိုင်းများ တစ်သားတည်းဖြစ်သည်ဟုသော ခံယူချက်တစ်ရပ်ကို ပျိုးထောင်ပေးရန် ရည်ရွယ်ပါသည်။
Kaplan ရှိ နိုင်ငံတကာ ကိုရီးယားကျောင်းသားများ အဖွဲ့အစည်း (Kiss-K) KISS-K သည် စင်ကာပူနိုင်ငံရှိ Kaplan မှ ကိုရီးယားကျောင်းသားများကို လမ်းညွှန်ပေး၊ ရင်းနှီးခင်မင်ပြီး စုစည်းမှုရှိအောင် ဆောင်ရွက်ပေးသော နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ ပွဲအခမ်းအနားများ၊ စုဝေးတွေ့ဆုံပွဲများနှင့် ပျော်ရွှင်ဖွယ်လှုပ်ရှားမှုများကို မကြာခဏစီစဉ်ကျင်းပခြင်းဖြင့် အသင်းသည် ကျောင်းသားသစ်များ ကျောင်းတွင်းပတ်ဝန်းကျင်တွင် အသားကျစေရေး ကူညီပေးရန်လည်း ရည်ရွယ်ပါသည်။
နိုင်ငံတကာ တရုတ်ကျောင်းသားများ (CSI) အသင်း CSI အသင်းမှာ တရုတ်နိုင်ငံမှ Kaplan ကျောင်းသားများကို အတူတကွစုစည်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပါသည်။ အသင်းသည် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို တစ်နှစ်ပတ်လုံးစီစဉ်ကျင်းပပြီး တရုတ်ကျောင်းသားများကို CSI လူမှုအဖွဲ့အစည်း၏ ပံ့ပိုးမှုနှင့်အတူ ကျောင်းအတွင်းကျင်လည်ရသည့် ကျောင်းသားဘဝသစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးပါသည်။