စင်ကာပူသို့ရောက်ရှိချိန်
ပထမဆုံးအကြိမ် စင်္ကာပူသို့ရောက်ရှိလာသော ကျွန်ုပ်တို့၏အချိန်ပြည့်နိုင်ငံတကာ ကျောင်းသားသစ်များ အားလုံးအတွက် လေဆိပ် မှ ကြို/ပို့ အစီအစဉ် (အခမဲ့) ကို Kaplan မှ စီစဉ်ပေးပါမည်။
ကျောင်းသားများသည် သယ်ယူပို့ ဆောင်ရေး ဖောင်ကို ဖြည့်သွင်းပြီး ဤနေရာသို့ မရောက်ရှိမီ (၇) ရက်အလိုတွင် တင်ပြရန် လိုအပ်ပါသည်။
ကြိုဆိုမည့်နေရာများ
- Changi လေဆိပ် တာမင်နယ်(လ်)အမှတ် ၁-၄ (Terminals 1-4)
- Harbourfront ကူးတို့တာမင်နယ်(လ်) (Ferry Terminal)
- Woodlands စစ်ဆေးရေးဂိတ်
ပို့ဆောင်ပေးမည့်နေရာများ
- Kaplan City Campus @ Wilkie Edge
- Kaplan နှင့်မိတ်ဖက်အဆောင်များ
* အစိုးရရုံးပိတ်ရက်များနှင့် ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း ကြို/ပို့ ဝန်ဆောင်မှုမပေးပါ။
ဗီဇာအချက်အလက်
စင်္ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သူတိုင်းသည် အောက်ဖော်ပြပါ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-
- တရားဝင် ခရီးသွားစာရွက်စာတမ်း (အနည်းဆုံးသက်တမ်း = ၆ လ)
- အသွား/အပြန် လက်မှတ်
- နောက်ထပ်သွားမည့်နေရာအတွက် လိုအပ်သောပစ္စည်းများ
- စင်ကာပူတွင်နေရန် လုံလောက်သော ရန်ပုံငွေ
- စင်္ကာပူအတွက် ဗီဇာ (ရှိလျှင်)
အကယ်၍ ဧည့်သည်သည် စင်္ကာပူသို့ ဝင်ရောက်ရန် ဗီဇာလိုအပ်ပါက၊ ဗီဇာလျှောက်ထားခြင်းနှင့် တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဆိုင်ရာ အချက်အလက်များအတွက် အနီးဆုံး စင်္ကာပူသံရုံး/ကောင်စစ်ဝန်ရုံးသို့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။ တနည်းအားဖြင့်၊ ဝင်ခွင့်နှင့် ဗီဇာလိုအပ်ချက်များနှင့် ပတ်သက်သော ဝန်ဆောင်မှုအားလုံးကို www.ica.gov.sg တွင် ရှာဖွေနိုင်သည်။